ကျောက်တံခါး မတ် ၂၃
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းဇော်ထွေးက COVID-19 ရောဂါကာကွယ်အတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသိပေးဆောင်ရွက်ရန်နှင့် ပြည်ပမှပြန်လည် ရောက်ရှိသူများအား စနစ်တကျစာရင်းပြုစုထားပြီး ကျန်းမာရေးဌာနသို့သတင်းပို့၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်ပေးရန်တို့ကို မှာကြားဆွေးနွေးပြီး မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာသန့်လွင်က မြို့နယ်ပြည်သူ့ဆေးရုံ၏များ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ လည်းပူးပေါင်း ပါဝင်ကူညီဆောင်ပေးရန်ဆွေးနွေး တင်ပြပါသည်။အစည်းအဝေးသို့မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရည်။
စန်းစန်း(ပြန်/ဆက်)