ကျိုင်းတုံ မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသော စော်ဘွားဈေးနေ့ကို ယမန်နေ့က ပါလျန် တံခါးအနီး၊ စော်ဘွားကြီးအုတ်ဂူရှေ့၊ လွိုင်မွေလမ်းတွင် ကျင်းပသည်။
ကျိုင်းတုံမြို့တွင် တစ်နှစ်လျှင်တစ်ရက်သာ ရှေးဓလေ့ရိုးရာ အစဉ်လာမပျက် ရောင်းချလေ့ရှိသည့် စော်ဘွား ဈေးကို လာရောက် သူများအားလုံးသည် ကောင်းသောမ င်္ဂလာနှင့် ပြည့်စုံပြီး ၎င်းဈေးတွင် ရောင်းချ သော ပစ္စည်းများ ဝယ်ယူပါက ကျန်းမာရေး၊ စီးပွားရေးကောင်းမွန်သည်ဟု ယူဆကာ မြို့သူ၊ မြို့သားများ၊ ဧည့်သည် များနှင့် ကလေးငယ်များမှစ၍ သက်ကြီးရွယ်အိုများ အထိ စော်ဘွားဈေးသို့ လာရောက် ဝယ်ယူ ကြကြောင်း သိရသည်။
COVID-19 သည် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကူးစက်မှုများ ဖြစ်ပွားနေသဖြင့် ကြိုတင် ကာကွယ်ရေး အတွက် အဆိုပါ စော်ဘွားဈေးနေ့တွင် စော်ဘွားကြီးများအား ဂါဝရပြုခြင်းအားဖြင့် ပုံမှန်ဈေး ရောင်းချခြင်းများ ခွင့်ပြုပြီး ပွဲတော်ကျင်းပခြင်းများ မပါဝင်ကြောင်းသိရသည်။
အောင်ဇင်မြင့်