နေပြည်တော် မတ် ၂၈
တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၇၀ တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖြန်းခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်အသီးသီးရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြေစိုက်နံရံကပ်ဘုတ်များစိုက်ထူခြင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း လှည့်လည်အသိပညာပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးတို့တွင် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများ ရှိပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှုများခံယူရန်၊ လိုအပ်ပါက (၁၄)ရက်တာ စောင့်ကြပ်ကြည့်ရှုခြင်းကို ခံယူကြရန် အသိပေးနှိုးဆော်ဆောင်ရွက်လျက်ရှိသည်။
မတ် ၂၈ ရက်နေ့တွင် အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းများကို ကချင်ပြည်နယ် ▲မြစ်ကြီးနားမြို့၊ ချီဖွေမြို့၊ ရွှေကူမြို့
▲ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၊ ဘောဂလိမြို့နယ်
▲ ချင်းပြည်နယ် ဟားခါးမြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့၊ မင်းတပ်မြို့၊ မတူပီမြို့
▲ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၊ ဘုတလင်မြို့၊ ကန့်ဘလူမြို့၊ ခင်ဦးမြို့၊ ကောလင်းမြို့
▲ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကလိန်အောင်မြို့၊ ဘုတ်ပြင်းမြို့
▲ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ဖြူးမြို့၊ ကျောက်တံခါးမြို့
▲မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၊ ပခုက္ကူမြို့၊ ပွင့်ဖြူမြို့၊ ထီးလင်းမြို့၊ တောင်တွင်းကြီးမြို့၊ စလင်းမြို့နယ်၊ ချောက်မြို့၊ ဆင်ပေါင်ဝဲမြို့၊ သရက်မြို့၊ ရေစကြိုမြို့၊ ကံမမြို့၊ မြို့သစ်မြို့
▲မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊ ငါန်းဇွန်မြို့၊ မတ္တရာမြို့၊ ကျောက်ဆည်မြို့၊ ကျောက်ပန်းတောင်းမြို့၊ သပိတ်ကျင်းမြို့၊ နွားထိုးကြီးမြို့
▲ မွန်ပြည်နယ် ဘီးလင်းမြို့၊ ချောင်းဆုံမြို့၊ သံဖြူဇရပ်မြို့၊ မုဒုံမြို့၊ ကျိုက်မရောမြို့
▲ရခိုင်ပြည်နယ် မြောက်ဦးမြို့
▲ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်
▲ရှမ်းပြည်နယ် နမ့်ဆန်မြို့၊ တန့်ယန်းမြို့၊ မိုးနဲမြို့၊ ဆီဆိုင်မြို့၊ မိုးမိတ်မြို့၊ သီပေါမြို့၊ ကွတ်ခိုင်မြို့၊ မိုင်းရယ်မြို့
▲ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၊ အိမ်မဲမြို့၊ ဖျာပုံမြို့၊ မြန်အောင်မြို့၊ ရေကြည်မြို့၊ ဟိုင်းကြီးကျွန်းမြို့နယ်၊ ကျုံပျော်မြို့၊ ငွေဆောင်မြို့၊ ဟင်္သာတမြို့၊ မော်လမြိုင်ကျွန်းမြို့၊ ကန်ကြီးထောင့်မြို့
▲နေပြည်တော် ဥတ္တရသီရိမြို့၊ တပ်ကုန်းမြို့၊ လယ်ဝေးမြို့တို့တွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
(ရွှေပင်လယ်၊ သုတေသန)