ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ အစည်းအဝေး ကျင်းပ

 

ထီးချိုင့်  မတ် ၂၃

ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ အစည်း အဝေးကို ယနေ နံနက် ၁၁ နာရီ အချိန်ကမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်မှ အမှာစကားပြောကြားပြီး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာကိုကိုနိုင်က ကိုရိုနာဗိုင်းရပ်(စ်)  ရောဂါကို မြန်မာနိုင်ငံ အနေဖြင့်လည်း ယခုအချိန်တွင်  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီဖွဲ့စည်းပြီး ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ မိမိတို့ မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)   ကူးစက် ရောဂါ အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတုံ့ပြန်ဆောင်ရွက်နိုင်ရန် ကြိုတင်ကာကွယ်ရေး အစီအမံများပြုလုပ်ရန်အတွက်  သက်ဆိုင်ရာ ဆက်စပ်ဌာနများကို ဖိတ်ကြား၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်း ပပြု လုပ်ရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တက်ရောက် လာ‌သော ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကြိုတင်ပြင်ဆင် ထားမှု အခြေအနေများကို တင်ပြခြင်းအထွေထွေ ဆွေးနွေးအကြံပြုခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်းများပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။

  ရဲလင်းထွန်း (ထီးချိုင့်)