​​​​​​​လဲချားတွင် လူငယ်နှင့်မူးယစ်ဆေး အန္တရာယ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

လဲချား   အောက်တိုဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မူးယစ်ဆေးအသိပညာပေး နည်လှည့်ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)တွင် ဟောပြောဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)မှ ကျောင်းအုပ်ဆရာကြီး ဉီးချမ်းငြိမ်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လဲချားမြို့နယ်ရဲတပ်ဖွဲ့ မြိုနယ်ရဲမှူး ရဲထွန်ဉီးမှ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများနှင့်အန္တရာယ်များ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ စသည်တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ခံစားရသည့် ဆိုးကျိုးနှင့်အန္တရာယ်များအား ဗွီဒီယိုဖိုင်များ ဖွင့်လှစ်ပြသ၍ အသိပညာပေးခဲ့ကြောင်းသိရသည်။     

လဲချား(မြို့နယ်ပြန်/ဆက်)