မုံရွာ ဒီဇင်ဘာ ၂၀
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြသည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ (၁၈)ရက်နေ့က စတင်၍ မုံရွာမြို့နယ်၊ နန္န္ဒဝန်ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးတွင် ဆောင်ရွက်ကြသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးကြသော ပြည်သူနှင့်နိုင်ငံဝန်ထမ်းများက သတ်မှတ်နေရာများ၌ မဲပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး သို့ရောက်ရှိပြီး သတ်မှတ်နေရာတွင် စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးတရားသူကြီးများ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့်ဇနီးတို့က မဲပေးနေမှုအား ကြည့်ရှုအားပေးကာ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)