စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဒီဇင်ဘာအားကစားလ (တတိယပတ်) စနေနေ့ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကံစမ်းမဲဆုချီးမြှင့်ခြင်းများ ကျင်းပ

မုံရွာ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှေက်ပွဲနှင့် ကံစမ်းမဲဆုချီးမြှင့်ခြင်းများကို ဒီဇင်ဘာလ (၂၀)ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ အရှေ့ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကို ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူ အင်အား (၃၀၀၀)ကျော်တို့သည်  မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာ ပြည်ထောင်စုရင်ပြင်ရှိ သက်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အချက်ပြအလံဝှေ့ရမ်းကာ သက်မှတ်နေရာများ ပြင်ထောင်စုရင်ပြင်မှစတင်၍ အရှေ့ကန်သာယာ ကန်ပတ်လမ်းတစ်လျှောက် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ယင်းနောက် အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီး အဆိုပါရင်ပြင်၌ (၆)ပေခြား စနစ်တကျနေရာယူကြကာ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ (၁) အတွဲ (၂) သရုပ်ပြသမှုများနှင့် Physical Finess Dance တေးသီချင်းများဖြင့် သွေးပူလေ့ကျင့်ခန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဝန်ကြီးဌာနများမှ ဧည့်ခံကျွေးမွေးသည့် နံနက်စာတစ်ပျော်တစ်ပါး စားသုံးနေမှုများနှင့် ကံစမ်းမဲများ ဖွင့်ဖောက်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ ကံစမ်းမဲဆုပေါက်သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)