ခန္တီး ဒီဇင်ဘာ ၂၁
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံနေရာများအဖြစ်ပြုလုပ်မည့် အခြေခံပညာကျောင်းများတွင်မီးဘေးအန္တရာယ်မဖြစ်ပါ်စေရေးအတွက် ယနေ့နံနက် (၉) နာရီခွဲ အချိန်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ခန္တီးခရိုင်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူးဦးအောင်မျိုးဝင်း ဦးဆောင်၍ လျှပ်စစ်ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများလိုက်ပါ၍ မဲရုံအဖြစ်အသုံးပြုမည့် အ.လ.က(ဇီးဖြူကုန်း)၊ အ.မ.က(နားမေတ္တာ)၊ အ.ထ.က(ခွဲ)နားမေတ္တာအခြေခံပညာကျောင်း(၃)ကျောင်းအား မီးသတ်ဆေးဗူးထားရှိမှုနှင့် လျှပ်စစ်မီးသွယ်တန်းအသုံးပြုမှုများအား လိုက်လံကြည်ရှုစစ်ဆေးခဲ့ကြာင်း သိရသည်။
ခရိုင်ပြန်/ဆက်