စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် အေးချမ်းစွာဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်)  ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်ကို ယနေ့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ (၉၆)ရာခိုင်နှုန်းကျော်ဖြေဆို

မန္တလေးငလျင်ကြီးကြောင့် စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုလျက်ရှိရာ ဇွန်လ  ယနေ့နံနက်ပိုင်းတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ (၉၆)ရာခိုင်နှုန်းကျော် ဖြေဆိုကြောင်း စစ်ကိုင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရေဦးမြို့ အောင်ဆန်းရပ်ကွက် ရွှေသိမ်တော်သီလရှင်ကျောင်း၌ ဆွမ်းဆန်းတော်နှင့်အလှူငွေများ ဆက်ကပ်လှူဒါန်း

သီလရှင်ဆရာကြီး၊ ဆရာလေးများ မိုးတွင်းကာလတွင် ဆွမ်းအခက်အခဲများမဖြစ်စေရန် ရည်ရွယ်၍ ရေဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အမျိုးသမီးရေားရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၈:၃၀ အချိန်က ရေဦးမြို့ အောင်ဆန်းရပ်ကွက်ရှိ ရွှေသိမ်တော်သီလရှင်ကျောင်းသို့ ဆွမ်းဆန်တော်နှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ က‌လေးခရိုင်၊ ကလေးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၃ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

မုံရွာမြို့၌ ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပြုလုပ်ရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့်အသင်းအုပ်ချုပ်သူများ တက်ရောက်ကြကြောင်း သိရသည်။

မုံရွာမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12  တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မန္တလေးငလျင်ကြီးကြောင့် စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် Grade-12  ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်(၉)နာရီက မုံရွာမြို့အမှတ်(၂)အခြေခံပညာ အထက် တန်းကျောင်းနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(အလုံ)တို့တွင် တတိယနေ့ ‌သင်္ချာဘာသာရပ်အား ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မုံရွာမြို့၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ရုံးစာရေးသားနည်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် လက်အောက်ခံမြို့နယ်ရုံးများရှိဝန်ထမ်းများ ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရန်တို့ရည်ရွယ်ပြီး ရုံးစာရေးသားနည်းသင်တန်းကို ဇွန်လ ၁၇ ရက်နေ့မှ စတင်ပြီး ဇွန် ၁၈ ရက်နေ့အထိ အဆိုပါရုံးတွင် (၂) ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။

နန်းယွန်းမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယ)အကြိမ် ကျောင်းသား/သူများ ပြန်လည်စတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ၂၀၂၅ ပညာခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယအကြိမ်) ပြန်လည်ဖြေဆိုသည့် ကျောင်းသား/သူများ နံနက်(၉)နာရီ အချိန်ကစတင်၍ ဘာသာရပ်များကို စိတ်အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး