ရွှေဘိုမြို့၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများကျင်းပ

ရွှေဘို ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဒီဇင်ဘာလူထုအားကစားလ အားကစားပြိုင်ပွဲများနှင့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒီဇင်ဘာ ၁၇ ရက်နေ့မှစတင်ကာ အားကစားနည်းမျိုးစုံပြိုင်ပွဲများကို ရွှေဘိုမြို့ ရန်ကြီးအောင် အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်‌နေပြည်သူများပါဝင်ကာ စက်ဘီးစီး၊ အပြေးပြိုင်၊ ချောတိုင်တက်၊ မုန့်စား၊ လွန်ဆွဲ၊ ထုပ်စည်းတိုး၊ ခေါင်းအုံးရိုက်၊ ပိုက်ေကျာ်ခြင်း၊ ဖူဆယ်ဘောလုံးပြိုင်ပွဲစသည့် အားကစားနည်း မျိုးစုံပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲများတွင်ဆုရရှိသူများအား ၄-၁-၂၀၂၆ ရက်နေ့၌ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)