နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ငှက်ပျောသီးနှံပင်များစိုက်ပျိုး ဖြစ်ထွန်း

ထန်ပါခွေ  ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လူ့ခန္ဓာကိုယ်အတွက် အားအင်ဖြစ်စေရန် မရှိမဖြစ်လိုအပ်သော ပိုတက်စီယမ်ဓါတ်ပါရှိသည့် တစ်ပိုင်တစ်နိုင် ငှက်ပျောသီးနှံပင်များ စိုက်ပျိုးဖြစ်ထွန်းမှုကြောင့် မိသားစု အပိုဝင်ငွေများ ရရှိလျှက်ရှိကြောင်း သိရသည်။

အိမ်နောက်ဖေး ဈေးဆိုင်တည်ဟူသည့် ဆိုရိုးစကားအတိုင်း ကျွန်တော်တို့က မိမိအိမ်နောက်ဖေးမှာ အများဆုံးစိုက်ပျိုးဖြစ်ကြောင်း၊ မိသားစုအတွက်လည်း အပိုဝင်ငွေများရရှိကြောင်း၊ ခြံနဲ့စနစ်တကျစိုက်ပျိုးဖို့ နည်းစနစ်အရင်ကမသိခဲ့လို့ဖြစ်ကြောင်း၊ နောင်နှစ်တွေမှာတော့ ခြံနဲ့ စနစ်တကျစိုက်ပျိုးဖို့စီစဉ်ထားကြောင်း၊ စိုက်ပျိုးရေးဌာနကလည်း နည်းပညာတွေ နည်းစနစ်တွေဖြန့်ဖြူးပေးတော့ အဆင်ပြေကြောင်း၊ ထန်ပါခွေမှာ အများဆုံးစိုက်ပျိုးဖြစ်တဲ့ ငှက်ပျောသီးက သီးမွှေး၊ ရွှေငှက်ပျော၊ သုံးမြှောင့်၊ ဖီးကြမ်း၊ ကသဲမျိုးတွေ စိုက်ပျိုးကြကြောင်းနှင့် ငှက်ပျောသီးအမျိုးအစားပေါ်မူတည်ပြီး တစ်ဖီးကို (၂၀၀၀/၃၀၀၀/၄၀၀၀) ကျပ်အထိ ဈေးများရရှိပါတယ် ဟု ငှက်ပျောစိုက်ပျိုး သည့် ဒေသခံတောင်သူ ဦးအိုက်မောင် ထံမှ သိရသည်။

အလန် (ထန်ပါခွေ)