ခန္တီး ဒီဇင်ဘာ ၂၂
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံနေရာများအဖြစ်ပြုလုပ်မည့် အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်မဖြစ်ပါ်စေရေးအတွက် ယနေ့နံနက်(၉)နာရီခွဲက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခန္တီးခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်မျိုးဝင်း ဦးဆောင်၍ လျှပ်စစ်ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများလိုက်ပါ၍မဲရုံအဖြစ်အသုံးပြုမည်အ.ထ.က(ခွဲ)မြို့မ၊ မူကြိုကျောင်း၊ အ.ထ.က(ခန္တီး)၊ အ.မ.က(သာစည်) အခြေခံပညာကျောင်း(၄)ကျောင်းအား မီးသတ်ဆေးဘူးထားရှိမှုနှင့် လျှပ်စစ်မီးသွယ်တန်းအသုံးပြုမှုများအား လိုက်လံကြည်ရှုစစ်ဆေးခဲ့ကြာင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)