စစ်ကိုင်းတိုင်းဒေသကြီး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်သိန်း မုံရွာမြို့၌ ပြည်ပမှပြန်လည် ပေးပို့လာသည့် ကြိုတင်မဲများ ဖွင့်ဖောက်မှုအား ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပမှပေးပို့လာသော ကြိုတင်မဲများ ဖွင့်ဖောက်မှုကို ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်းနှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပါတီကိုယ်စားပြု ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့်တွေ့ဆုံပွဲ တက်ရောက်

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာတွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ဒုတိယမဲရုံမှူးများနှင့်အဖွဲ့ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။        

ကလေးဝမြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေး

သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်အများဆုံးရောဂါဖြစ်ပြီး ထိုသို့ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်( ၂)ရပ်ကွက်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး အသက် ၁၂ နှစ်မကျော်သော အမျိုးသမီးငယ်များအား အ.ထ.က(၁)ကန့်ဘလူ၌ ထိုးနှံပေးသည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တမူးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူများဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံများအား ဒီဇင်ဘာလ ၂၃ ရက်နေ့  နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

စစ်ကိုင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ် ကပ်ထားကြေငြာ

စစ်ကိုင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒီဇင်ဘာ ၂၃ ရက်နေ့မှစတင်၍ တတိယအကြိမ် ကပ်ထားကြေငြာထားကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ထွက်ပြေးလွတ်မြောက်လာသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ထွက်ပြေးလွတ်မြောက်လာသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကန့်ဘလူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ်ကပ်ထားကြေညာ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ တတိယအကြိမ် ကပ်ထားကြေညာပေးရာ မဲဆန္ဒရှင်ပြည်သူများ မိမိတို့အမည် ပါရှိခြင်းရှိမရှိကို လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ ပဲမျိုးစုံလျာထားဧကထက် ပိုမိုစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံလျာထားဧက ထက်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး