စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲများကျင်းပ

ရာသီဥတု ညီညွတ်မျှတ​စေရန်၊​ အေးမြ​သော  အရိပ်အာဝါသ ရရှိ​စေရန်၊ သဘာဝဝန်းကျင်နှင့်​ဂေဟစနစ်ကို ထိန်းညှိနိုင်ရန်၊ သဘာဝ​ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစု​ပေါင်း သစ်ပင်စိုက်ပျိုးပွဲကို  ယ​နေ့နံနက် ၈ နာရီချိန်က ကျင်းပသည်။

မုံရွာမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ပဥ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် အေးချမ်းစွာဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ပြီး မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(အလုံ)တို့တွင် ပြန်လည်ကျင်းပပေးလျက်ရှိရာ ပဥ္စမ နေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို Grade-12 ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပြန်လည်ဖြေဆိုလျက်ရှိသည်။

ဖောင်းပြင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းများဆောင်ရွက်

ဖောင်းပြင်မြို့နယ်ရုံးအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၁၈ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖောင်းပြင်မြို့ အမှတ်(၈၇)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ပြည်သူ့ကျန်းမာရေးဆေးရုံတွင် ယမန်နေ့ကစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Comirnaty JN.1(Grey Cap)ကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပြန်လည်ကျင်းပသည့်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့်သမိုင်းဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) စာစစ်ဌာန၌ ဇွန် ၁၉ ရက်နေ့က ဆက်လက်ဖြေဆိုကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာအဖြစ် သင်တန်းဖွင့်ပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာအဖြစ် သင်တန်းဖွင့်ပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ/ပထဝီဝင်ဘာသာရပ်ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့်စိုက်ပျိုး မွေးမြူရေးကျောင်း-အလုံရှိ သတ်မှတ်ကျောင်းဆောင်များတွင် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒ/ပထဝီဝင်ဘာသာရပ် ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားမှုများ၊ စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း စာရေးကိရိယာများ အခက်အခဲမရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက် ပေးထားမှုများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်ခင်းစာ ထမင်း/ဟင်းများ ချက်ပြုတ်ထားရှိမှုများနှင့် အာဟာရဖြည့်အစား အစာများဖြစ်သည့် အချိုရည်ဘူးများ/ မုန့်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စည်ပင်သာယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ အရာထမ်း/ အမှုထမ်းများတက်ရောက်ကြသည်။

မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade -12 ကျောင်းသားကျောင်းသူများအား အာဟာရမုန့်မျိုးစုံနှင့် အချိုရည်များပေးအပ်

မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ ‌ရောက်ရှိပြီး အဆိုပါကျောင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ‌Grade -12 ကျောင်းသားကျောင်းသူ ၄၆၈ ဦး နှင့် တာဝန်ကျကြီးကြပ်ဆရာဆရာမ (၅၉) ဦး စုစု‌ပေါင်း (၅၂၇) ဦးတို့အား အာဟာရမုန့်မျိုးစုံနှင့် အချိုရည်များပေးအပ်ခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတု​ဗေဒ/ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ယနေ့သက်ဆိုင်ရာစာစစ်ဌာနနှစ်ခု၌ ဓာတု​ဗေဒ/ ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး