စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီကျောင်းတိုက်၊ သီတဂူသန္နိပါတဘွဲ့နှင်းသဘင်အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီကျောင်းတိုက်၊ သီတဂူသန္နိပါတဘွဲ့နှင်းသဘင်အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးတွင်ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ၊ ဓမ္မသေနာပတိ သောဠသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။