ရွှေဘိုမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပ

ရွှေဘို ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒီဇင်ဘာလ (၁၇)ရက်နေ့မှ စတင်ကာ အားကစားနည်းမျိုးစုံ ပြိုင်ပွဲများကို ရွှေဘိုမြို့၊ ရန်ကြီးအောင်အားကစားကွင်းတွင် ကျင်းပပြုလုပ်လျှက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပ‌ရေး‌ကော်မတီဝင်များက လှည့်လည်ကြည့်ရှု့ အားပေးခဲ့ကြသည်။

အဆိုပါအားကစားပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်‌နေပြည်သူများပါဝင်ကာ စက်ဘီးစီး၊ အပြေးပြိုင်၊ ချောတိုင်တက်၊ မုန့်စား၊ လွန်ဆွဲ၊ ထုပ်စည်းတိုး၊ ခေါင်းအုံးရိုက်၊ ပိုက်ကျာ်ခြင်း၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ စသည့်အားကစားနည်းမျိုးစုံ ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲများတွင် ဆုရရှိသူများအား (၄-၁-၂၀၂၆)ရက်နေ့၌ ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)