ကန့်ဘလူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်ကုသပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် မြန်မာ့စီးပွားရောဘဏ်ရုံး၌ ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စစ်ဆေးပေးခြင်း၊ အခမဲ့စစ်ဆေးကုသပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်ပေးခြင်းတို့ကို ယနေ့ နံနက် ၇ နာရီခွဲက မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ၁၆ ခုတင်ဆံ့တိုင်ရင်းဆေးရုံတို့က ကျန်းမာရေးစောင့်ရှောက်ပေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။