ရွှေဘိုတက္ကသိုလ်၌၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်​ကျော်ခြင်း ပြိုင်ပွဲဆု​ချီးမြှင့်ပွဲကျင်းပ

​ရွှေဘို ဒီဇင်ဘာ ၃၁

​ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသား ​ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ည​နေ ၄ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းသား​မောင်မယ်လူငယ်များအနေဖြင့် ကျောင်းနေ​ပျော်၍ စာ​တော်​သောလူငယ်လေးများဖြစ်​အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံ​ရေး​ကောင်းမွန်ပြီး ပူး​ပေါင်းပါဝင်သည့် အ​လေ့အထ​ကောင်းရရှိ​စေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာ​စေရန်၊ ဥာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ် အားကစားသမားများ​ပေါ်ထွက်စေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဥ်ဆက်မပြတ် ကျင်းပ​ပေးလျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲတွင်ပထမဆုရရှိသည့် သင်္ချာအသင်း၊ ဒုတိယဆုရရှိသည့် သမိုင်းအသင်း၊ တတိယဆုရရှိသည့် ရူပဗေဒအသင်းများအား ရွှေဘိုတက္ကသိုလ် ဒုတိယပါ​မောက္ခချုပ်ဆရာမကြီး​ဒေါက်တာ မြယဉ်ယဉ်ငြိမ်း၊ ​ဒေါက်တာနွယ်နွယ်စိုး၊ ဒေါက်တာသီတာစိန်၊ ပါမောက္ခ(ဌာနမှူး) ဒေါ်စန်းစန်းမော်နှင့် သင်ကြားရေး ဆရာ/ဆရာမများက ဂုဏ်ပြုဆု​ငွေ၊ ဆုဆွဲပြား၊ ဆုဖလားနှင့် တစ်ဦးချင်း အကောင်းဆုံးဆုများကိုလည်း ချီးမြှင့်​ပေးအပ်ခဲ့​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)