စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(မွမ်းမံ)ဆင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာအတွက် အခြေခံပညာရပ်များကို မြှင့်တင်ပေးသည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(မွမ်းမံ)ဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁:၀၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ (၂၀/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၀/၂၀၂၅)ကို ယနေ့မွန်းလွဲ(၁၄:၀၀)နာရီအချိန်က နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကသာမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွှဲ(၁)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကသာမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှု ပူးပေါင်းကာကွယ်ဖြေရှင်းရေးနှင့် စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်‌ရေးနည်းလမ်းများအကြောင်း သိကောင်းစရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် “ပလတ်စတစ်ညစ်ညမ်းမှု ပူးပေါင်းကာကွယ်ဖြေရှင်းရေးနှင့် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်‌ရေးနည်းလမ်းများ” အကြောင်းသိကောင်းစရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီအချိန်က ပတ္တာမြားဈေး(ပျံကျဈေး)တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဟုမ္မလင်းမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်သွင်းအားစုများ အောင်နိုင်တိုးမျိုး စပါး၊ ဓာတ်မြေသြဇာ၊ လက်ဆွဲမျိုးစေ့ချကိရိယာတောင်သူများသို့ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅-၂၀၂၆ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများ အောင်နိုင်တိုးမျိုးစပါး၊ ဓာတ်မြေသြဇာ၊ လက်ဆွဲမျိုးစေ့ချ ကိရိယာတောင်သူများသို့ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန်၊ အသိပညာဗဟုသုတများရရှိပြီး သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက မိမိတို့ကိုယ်တိုင် ပါဝင်ကူညီ​ဆောင်ရွက်တတ်စေရန်အတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီ၊ ကဗျာပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိပြီး မူးယစ်ဆေးဝါးကို ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီ/ကဗျာပြိုင်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်‌နေ့မွန်းလွဲ (၁)နာရီအချိန်က ဆင်သေကျေးရွာ၊ တရုတ်ဘုံကျောင်းတွင် ပြုလုပ်ခဲ့သည်။

ခန္တီးမြို့တွင် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေရေး လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့တွင်းရှိ ရေထုတ်မြောင်းများအား ပိတ်ဆို့မှုမရှိစေရေး၊ ပိတ်ဆို့နေသည့်နေရာများအား ပြန်လည်တူးဖော်နိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ယနေ့နံနက်ပိုင်းတွင် မြို့အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တမူးမြို၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ မိုးရာသီ​တွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါကြို တင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်(၉) နာရီအချိန်က အဘိတ်ဆေးခတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး