အရာတော်မြို့၌ ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

အရာတော် ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမတွင် အသက် (၂) လမှ (၁၀) နှစ်အတွင်း ကလေးများကို ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၇ နာရီ မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ပုံမှန်ကာကွယ်ဆေးထိုးခြင်းဖြင့် ကလေးငယ်တို့ကို ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ) ရောဂါ၊ ဦနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊၊ ပြင်းထန်ဝမ်း ပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါနှင့် သားအိမ် ခေါင်းကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မြိူ့နယ်ပြန်/ဆက်