ခန္တီး ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၆ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ကျရောက်မည့် (၆၄)ကြိမ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသော အနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ နေကြာစိုက်ခင်းဘောင် တင်ခြင်းနှင့် မြေဩဇာထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲ ကို ဖေဖော်ဝါရီလ ၂၅ ရက် နံနက်(၁၀)နာရီအချိန်က ပေါမိုင်းရပ်ကွက်၊ အောင်သာရပ် တောင်သူဦးညွှန့်ဝေ၏ နေကြာစိုက်ခင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ခန္တီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဝင်းသန်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းဇော်က မြေဩဇာထည့်သွင်းခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုခိုင်ကနေကြာစိုက်ခင်းဘောင်တင်ခြင်းနှင့် မြေဩဇာထည့်သွင်းခြင်းကွင်း သရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ ခန္တီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဂျစ်ပဆန် မြေဩဇာများ၊ ရွက်ဖြန်းမြေဩဇာများ၊ Yellow Sticker များ၊ နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်ကမ်းစာစောင်များကို ထောက်ပံ့ပေးအပ်ရာတက်ရောက်လာကြသည့် တောင်သူများက လက်ခံရယူခဲ့ ကြသည်။
ထို့နောက် စိုက်ပျိုရေးဦးစီးဌာနမှ ဝန်ထမ်းများက နေကြာစိုက်ခင်းဘောင် တင်ခြင်းနှင့် မြေဩဇာထည့်သွင်းခြင်းကို လက်တွေ့သရုပ်ပြသရာ တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ တောင်သူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။ ခန္တီးမြို့နယ်တွင် နေကြာစိုက်ပျိုးဧက(၁၂၃)ဧက စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။
ကမ်းကီး(ပြန်/ဆက်)