စစ်ကိုင်းတိုင်းဒေသကြီး

အမျိုးသမီးများအား အကြမ်းဖက်မှု လူကုန်ကူးမှုသက်ငယ်မုဒိမ်းမှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယမန်နေ့‌မွန်းလွဲ ၁ နာရီကအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် အမျိုးသမီးများအား အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိမ်းမှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဦးမြတ်ကျော် ဟုမ္မလင်းမြို့၊ ချင်းတွင်းမြစ်အတွင်း ငါးမျိူးစိုက်ထည့်ခြင်း အခမ်းအနား တက်ရောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုလိုက်လံကြည့်ရှု

ချင်းတွင်းမြစ်အတွင်း ငါးသယံဇာတပေါများစေရေးနှင့် ပြည်သူများငါးစားသုံးမှုဖူလုံစေရန်အတွက် ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ၌ကျင်းပပြုလုပ်ရာ အခမ်အးနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကလေးမြို့တွင် တောင်သူများအား လယ်ယာသုံးစက်ကိရိယာများနှင့် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တောင်သူများအား လယ်ယာသုံးစက်ကိရိယာ (ဒေါင်းဖန်းလယ်ထွန်စက် ၂ စီး၊ မျိုးစေ့ချကိရိယာ Drum seeder ၂၃၉ လက်) များနှင့် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ကန့်ဘလူမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်( ၅/၂၀၂၅)ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် ( ၅/၂၀၂၅)ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ကျွန်းလှမြို့နယ်၌ မိုးစပါး ဧက ၂၃၀၀၀ ကျော်စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်း စပါးအပြင် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးသီးနီစိုက်ပျိုးရာသီ၌ မိုးစပါး ဧက ၂၃၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်ရရှိရေး သရုပ်ပြစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးသီးနှံ အဓိကစိုက်ပျိုးကြပြီး မိုးစပါး ပန်းတိုင်အထွက်ရရှိရေးအတွက် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက တပ်ကုန်းကျေးရွာ၊ ကွင်းမှတ် (၄၉၅) တောင်သူ ဦးမင်းနိုင်၏ လယ်မြေ၌ ကျင်းပသည်။

စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် အောင်ချက် ၄၆.၇၂ ရာခိုင်နှုန်းရှိ

စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်များကို ဇူလိုင်လ ၂၇ နံနက် ၆ နာရီမှ စ၍ မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(၃) စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်မှ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ၇၅ ဒသမ ၈၉ ရာခိုင်နှုန်းအောင်မြင်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက်က တစ်နိုင်လုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေငြာခဲ့ရာ စစ်ကိုင်း တိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှ ဝင်ရောက် ဖြေဆိုသူပေါင်း ၈၇၁ ဦးရှိးခဲ့ ပြီး ဖြေဆိုအောင်မြင်သူပေါင်း ကျောင်းသား ၂၈၁ ဦး၊ကျောင်းသူ ၃၈၀ ဦး စုစုပေါင်း ၆၆၁ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၇၅ ဒသမ ၈၉ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးနေမှု၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိ၊ MSMEs လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီးဦးဆောင်၍ ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ မျက်စိဝေဒနာရှင်များအား စက္ခုဒါနအလှူတော် ဒုတိယနေ့အဖြစ် ဇူလိုင်လ(၂၇)ရက်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်ခွဲစိတ် ကုသပေးလျက်ရှိကြောင်း သိရသည်။

မုံရွာမြို့တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်

၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက်နေ့ နံနက် ၆ နာရီက  တစ်ပြည်လုံးတွင် တစ်ပြိုင်တည်းထုတ်ပြန်ကြေညာခဲ့ရာ မုံရွာမြို့၊  မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းများ၌ ထုတ်ပြန်‌ကြေညာခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၂.၂၂ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး