စစ်ကိုင်းတိုင်းဒေသကြီး

မုံရွာမြို့ပေါ်ရပ်ကွက်များရှိ ဈေးကြီးများအား မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇင်မိုအောင်ဦးဆောင်သောအဖွဲ့သည် မုံရွာမြို့ပေါ် ရပ်ကွက်များရှိ ချင်းတွင်းဈေး၊ မြသလ္လာဈေး၊ သီရိရတနာဈေး၊ ပြည်ထောင်စုဈေးတို့သို့ ယနေ့နံနက်ပိုင်းကရောက်ရှိပြီး  ဈေးတာဝန်ခံများနှင့်တွေ့ဆုံပြီး ဈေးကြီးများအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအား အထူးအလေးထားကာ  မီးငြိမ်းသတ်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေကန်များ၊ ရေစုပ်‌စက်များ၊ ရေငုတ်များကောင်းမွန်မှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကသာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊  ပညာရေးစုံညီပွဲ‌တော်ကို ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင်  “စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းရာသီ၌ စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုးကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်း‌ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းအား လိုက်လံအသိပေးနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်များအတွင်း ဒေသန္တရအမိန့် ထုတ်ပြန်ချက်အား ပြည်သူများသိရှိလိုက်နာနိုင်စေရန် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၄ ရက်မွန်းလွဲ ၃ နာရီက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယမန်နေ့နံနက်(၄)နာရီ (၂၀) မိနစ်ချိန်တွင် ပြည်သူ့ အားကစားကွင်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ကျင်းပရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလံလွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြကြောင်း သိရသည်။

မင်းကင်းမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ(၄) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။

မုံရွာမြို့တွင် (၇၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားနှင့်အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားများကျင်းပ

၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရှေ့ကန်သာယာကန်ရှိ လွတ်လပ်ရေး ကျွန်းတွင် ကျင်းပပြုလုပ်ရာ အလံတင်အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ပြုတပ်ခွဲနှင့် လူမူရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

တမူးမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၇) နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တမူးမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက်(၄)နာရီ(၂၀)မိနစ်အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အလံတိုင်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ

စစ်ကိုင်းမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းကို ယနေ့ နံနက်(၄)နာရီ၊ (၂၀)မိနစ်က ဗိုလ်ချုပ်ကြေးရုပ်အနီး ရွှေမင်းဝံပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ကျင်းပပြုလုပ်သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး