မုံရွာ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇင်မိုအောင်ဦးဆောင်သောအဖွဲ့သည် မုံရွာမြို့ပေါ် ရပ်ကွက်များရှိ ချင်းတွင်းဈေး၊ မြသလ္လာဈေး၊ သီရိရတနာဈေး၊ ပြည်ထောင်စုဈေးတို့သို့ ယနေ့နံနက်ပိုင်းကရောက်ရှိပြီး ဈေးတာဝန်ခံများနှင့်တွေ့ဆုံပြီး ဈေးကြီးများအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအား အထူးအလေးထားကာ မီးငြိမ်းသတ်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေကန်များ၊ ရေစုပ်စက်များ၊ ရေငုတ်များကောင်းမွန်မှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဈေးတာဝန်ခံများနှင့် ဈေးသူ/ဈေးသားများအား မီးဘေးလုံခြုံရေးအတွက် လိုအပ်သည်များကို အကြံပြုခဲ့ကာ မီးငြိမ်းသတ်နည်းများကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)