တမူးမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

တမူး ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက်(၄)နာရီ(၂၀)မိနစ်အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အလံတိုင်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံစောင့်တပ်ဖွဲ့မှဦးဆောင်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံအား အလံတင်အလေးပြုခဲ့ကြသည်။

ထို့နောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ(ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ) ဦးသိုက်ထွန်းမှ ဖတ်ကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရတနာ