တမူးမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲများကျင်းပ

တမူး ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၇) နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများကျင်းပရာတွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများမှ ကျား၊ မ မီတာ(၅၀)၊ (၇၅)၊ (၁၀၀)၊ (၂၀၀)၊ (၄၀၀)အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတန်ပစ်ပြိုင်ပွဲ၊ အာလူးကောက်၊ ဇွန်းကိုက်၊  ဖိနပ်ရွေးပြိုင်ပွဲများနှင့် ဂုံနီအိတ်စွပ်ပြေးပြိုင်များကို ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြိုင်ပွဲတွင်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးမင်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဦးစောဆီးဆဲ(လ်)တို့မှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ (၇၇)နှစ်မြောက်လွတ်လပ်ရေး‌နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ်‌ မြို့မဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဗောဓိတောရဘုန်းတော်ကြီးကျောင်းတိုက်တို့တွင် ကလေးများ ပျော်ရွှင်ဖွယ်ရာပြိုင်ပွဲများအဖြစ် ပူစီပေါင်းဖောက်၊ အာလူးကောက်၊ အပ်နဖားထိုး၊ ဘောပင်စွပ်၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊‌ ပြေးခုန်ပစ်ပြိုင်ပွဲများကို ကျင်းပ‌ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရတနာ