ကန့်ဘလူမြို့၌ ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းအား လိုက်လံအသိပေးနှိုးဆော်

ကန့်ဘလူ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်များအတွင်း ဒေသန္တရအမိန့် ထုတ်ပြန်ချက်အား ပြည်သူများသိရှိလိုက်နာနိုင်စေရန် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၄ ရက်မွန်းလွဲ ၃ နာရီက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါဒေသန္တရအမိန့်ထုတ်ပြန်ချက်တွင် မြို့နယ်နယ်နိမိတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁,၂၉၃ ဦး၊ သေဆုံးသူဦးရေ ၃၇ ဦးရှိပြီး ကိုဗစ်-၁၉ ပိုးရှိမှုအား ထိန်းချုပ်ဆောင်ရွက်နိုင်ရန် ယခင်ဒေသန္တရအမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကို ဆက်လပ်ထိန်းချုပ်ထားနိုင်ရေးအတွက် မြို့နယ်အတွင်းနေထိုင်သူများအနေဖြင့် နေ့စဥ် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုလုပ်ရန်၊ ယင်းထုတ်ပြန်ချက်အား ဖောက်ဖျက်ကျူးလွန်ပါက ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းအမိန့်ကြေညာချက်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်နေ့အထိ အတည်ဖြစ်ကြောင်း ပြည်သူများသိရှိနိုင်ရေး ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုး ဆော်ခဲ့ကြသည်။

ထို့ပြင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများထံသို့လည်း သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေးကြေညာနိုင်ရန် ဒေသန္တရအမိန့်ကြေ ညာချက်အား ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)