ကသာ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် “စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်စိုးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်းတို့က အဖွင့်အမှာစကား ပြောကြားကြရာတွင် မိမိတို့ကျောင်းတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာ ထူးချွန်တိုးတက်ရေးအတွက် မိမိတို့ပညာရေးဌာန၊ ဆရာ/ ဆရာမများ၏ ဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များနှင့် ထားရှိရမည့် စိတ်ဓာတ်တို့ကိုလည်းကောင်း၊ ကျောင်းသားကျာင်းသူတို့၏ ခံယူရမည့်သဘောထားများ၊ မိဘများ၏ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရမည်များတို့ကို လည်းကောင်း၊ ပညာရေးစုံညီပွဲတော်၏ အဓိပ္ပာယ်နှင့် အနှစ်သာရတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ ခရိုင်တာဝန်ခံပညာရေးမှူးဦးမြင့်စိုး၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန္တာလင်းနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် လူရည်ချွန်ဆုရကျောင်းသားကျောင်းသူများ၊ အတန်းလိုက်ဆုရ ကျောင်းသား/ ကျောင်းသူများနှင့် မြို့နယ်အဆင့်တို့တွင် ကဏ္ဍအသီးသီးမှ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/သူများကို ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများလေးများက “ဇာတိမာန်” သီချင်းဖြင်း သီဆိုဖျော်ဖြေပေးခဲ့ကြောင်းသိရှိရသည်။
ကျော်စွာထွန်း(ကသာ)