ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းဆင်းစစ်ဆေး

ကျွန်းလှ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းရာသီ၌ စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုးကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်း‌ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက မြေပဲစိုက်ခင်းများ ယခုအခါ ပန်းပွင့်ချိန်၊ ဥချချိန်ကာလတွင် ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်စုံစားခူကျရောက်တတ်ကြောင်း၊ ရေလိုအပ်ချက်ရှိပါက ရေပေးဝေရန်လိုကြောင်း  တောင်သူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များ အကြံပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစိုက်ပျိုးမှုအဖြစ် မြေပဲ ၁၄,၂၃၉ ဧက၊ နှမ်း ၁၄,၀၃၆ ဧက၊ နေကြာ ၅၂၃ ဧက၊ ပန်းနှမ်း ၅,၃၁၇ ဧက၊ မုံညှင်းစေ့ ၃၆၅ ဧက၊ စုစုပေါင်း ၃၄,၄၈၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)