ကန့်ဘလူမြို့နယ်၌ KG ကျောင်းသားကလေးငယ်များအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အာဟာရပြည့်ဝစေရန် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ပူးပေါင်း၍ KG ကလေးငယ်များ အာဟာရ(ပထမအကြိမ်)ကျွေးမွေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ခွဲ)ညောင်အိုင်နှင့် အ.လ.က(၅)ကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။