ကန့်ဘလူ ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အာဟာရပြည့်ဝစေရန် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ပူးပေါင်း၍ KG ကလေးငယ်များ အာဟာရ(ပထမအကြိမ်)ကျွေးမွေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ခွဲ)ညောင်အိုင်နှင့် အ.လ.က(၅)ကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအာဟာရကျွေးမွေးခြင်းကို ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာ နေမိုးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုး၊ ဒုတိယမြို့နယ်ပညာ ရေးမှူး ဦးထွန်းထွန်းကျော်၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ ဆရာမများ တက်ရောက်အားပေးခဲ့ကြောင်းနှင့် ကျန်ကျောင်းများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးက ပြောသည်။
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း၌ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလအတွက် သုံးကြိမ်ကျွေးမွေးမည်ဖြစ်ကြောင်းနှင့် KG ကလေးငယ် ၁၆၅၆ ဦးတို့အား အာဟာရ ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)