စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများနှင့် အိမ်တွင်းပလတ်စတစ်လျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းပြီး အမျိုးသမီးများနှင့်အိမ်တွင်း ပလတ်စတစ်လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို၌မြို့နယ်အဆင့် သဘာဝေဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်ဦးစီးမှူးရုံး မြို့နယ်အဆင့် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အ​ခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်​နေ့ ညနေပိုင်းအချိန်က ​ရွှေဘိုခရိုင်မီးသတ်ရုံးခန်းမတွင် ကျင်းပ​ကြောင်းသိရသည်။

တက္ကသိုလ်၀င် စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများရှိရာ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆာမူအဲ ဦးဆောင်၍ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကိုနိုင်နှင့် သန္ဓေတပ်ဖွဲ့၀င်များသည် မတ်လ (၁၁) ရက်နေ့ နံနက်ပိုင်းက တက္ကသိုလ်၀င်စာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာနများရှိရာ ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှု မြေပြင်အခြေအနေမှန်ကို သိရှိနိုင်ရေး ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် 3Rs စနစ်ကိုလိုက်နာခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေးပွဲအခမ်းအနားနှင့် ဧရာဝတီမြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်းအား ကာကွယ်တားဆီးရေးလှုပ်ရှားမှု Campaign တက်ရောက်

3Rs စနစ်ကိုလိုက်နာခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေးပွဲအခမ်အနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ရှိ ကျောင်းခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းပွဲပိုင်းတွင် စစ်ကိုင်းစက်မှုဇုန်ရှိ တစ်ရက်လျှင် ၅၀ ကီလိုဂရမ် ကွန်ပေါင်းဓာတ်မြေဩဇာ အိတ် ၂၀၀၀ ထုတ်လုပ်နေသည့် “သုတသုခ” ဓါတ်မြေဩဇာစက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ကွန်ပေါင်းဓာတ်မြေဩဇာ ၁၃ မျိုး ထုတ်လုပ်နေမှုများနှင့် ထုတ်ပိုးမှုပုံစံအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြသည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန်ကတ္တရာလမ်း ၃ လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန်ကတ္တရာလမ်း ၃ လမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အဆိုပါလမ်းသစ်မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေသီးနှံ(နှမ်း)ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစု ယူရီးယားဓါတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် MSMEs လုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး

၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေသီးနှံ(နှမ်း)ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစု ယူရီးယား ဓါတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ် ကိုင်းမြို့၊ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲ ၂၄၁ ဧက ရိတ်သိမ်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် ပဲမျိုးစုံသီးနှံ စိုက်ပျိုးကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲ ၂၄၁ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဦးမြို့၌ တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးအတွင်း သီးနှံမျိုးကောင်း မျိုးသန့်ထုတ်လုပ်ရေး တောင်သူနည်းပညာပေးသင်တန်းအား မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

မုံရွာမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် ၃/၂၀၂၅ သို့ တက်ရောက်မည့် သင်တန်းသားများအား စားသောက်ဖွယ်ရာမျိုးစုံနှင့် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်နှင့် မြို့နယ်ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၁ နာရီက အမှတ်(၈) ဆက်သွယ်‌ရေးအလုပ်ရုံနှင့် အမှတ်(၇) စစ်မြေပြင်ဆေးတပ်ရင်းတို့သို့ ရောက်ရှိသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး