ရွှေဘို မတ် ၁၃
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းအချိန်က ရွှေဘိုခရိုင်မီးသတ်ရုံးခန်းမတွင် ကျင်းပကြောင်းသိရသည်။
ဦးစွာခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်ကသင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသူ/သားများကိုယ်စား သင်တန်းသူတစ်ဦးကကျေးဇူးတင်စကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို မတ်လ(၁၀)ရက်နေ့မှ မတ်လ(၁၂)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ (၃၀)ဦးတက်ရောက်ကာ၊ သင်တန်းနည်းပြများက စာတွေ့၊လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်