စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်​ဒေသကြီး​၊ ရွှေဘိုခရိုင်စားသုံးသူ​ရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများ၏ အကျိုးစီးပွားကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် စားသုံးသူများ၏ အခွင့်အရေးများကို အလေးထား လိုက်နာအကောင်အထည်ဖော်နိုင်စေရန်အတွက်ရည်ရွယ်ပြီး ကမ္ဘာ့စားသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၉)နာရီချိန်က ​ရွှေဘိုသူနာပြုသင်တန်း​ကျောင်းသ​ပြေညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၂၅၄) ဦးဝင်ရောက်ဖြေဆိုမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၂၅၄) ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နန်းယွန်း၌ အသက်(၅)နှစ်အောက် ကလေးသူငယ်များအား သံချဆေး၊ ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါအားဆေးများတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမားရေးဌာနတွင် အသက်(၅)နှစ်အောက် ကလေးသူငယ်များအား သံချဆေး၊ ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါဆေးများ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်သည်။

ခန္တီးမြို့၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ချင်းတွင်းမြစ်ကမ်းနားတလျှောက်တွင် ယမန်နေ့က ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ နွေရာသီအင်္ဂလိပ်စာ အခြေခံ(Grammar)သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နွေရာသီအင်္ဂလိပ်စာ အခြေခံ(Grammar)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့ အ.ထ.က(ခန္တီး)၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၁၇)ရက်နေ့မှ စတင်ဖြေဆိုမည်ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနတို့ပူးပေါင်းကာ မီးသတ်ဆေးဘူးများ ပြန်လည်စစ်ဆေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းထားမှုများစစ်ဆေးခြင်း၊  ချက်ပြုတ်သည့် မီးဖိုဆောင်များ မီးဘေးအန္တရာယ်မရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးချိတ်မီးကပ်၊ သဲပုံးရေပုံး၊ ရေကန်ထားရှိမှုများ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉)နာရီအချိန်က စာစစ်ဌာန အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)နှင့် ကျောင်းပတ်ဝန်းကျင်ရှိ လူနေအိမ်များ၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ အရာထမ်း၊ အမှုထမ်းများကို ဥပဒေပညာရပ်ဆိုင်ရာ အသိပညာပြန့်ပွားရေး တိုင်းဒေသကြီးအဆင့် (ဆင့်ပွား)​ ဆွေး​နွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့မြို့အမှတ် (၂) အ​ခြေခံပညာအထက်တန်း​ကျောင်း​ရွှေရတုခန်းမ၌ ယ​နေ့နံနက်ပိုင်းက ဌာနတွင်း၊အရာထမ်း၊အမှုထမ်းများကို ဥပဒေပညာရပ်ဆိုင်ရာ အသိပညာပြန့်ပွားရေး တိုင်း​ဒေသကြီးအဆင့် (ဆင့်ပွား)​ ဆွေး​နွေးပွဲပြုလုပ်ခဲ့သည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ တရုတ်စကားပြောသင်တန်းအခမဲ့ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူလေးများနှင့် စိတ်ပါဝင်စားသူ ပြည်သူများ အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ရန်အတွက် တရုတ်စကားပြောသင်တန်းကို  ယနေ့နံနက်ကစတင်ပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို၌ မြို့နယ်အဆင့် သဘာ​ဝေ​ဘေးအန္တရာယ်​ဆိုင်ရာစီမံခန့်ခွဲမှု အ​ခြေခံသင်တန်းဖွင့်လှစ်

လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်ဦးစီးမှူးရုံး မြို့နယ်အဆင့် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအ​ခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၉ နာရီချိန်က ​ရွှေဘိုခရိုင်မီးသတ်ရုံးခန်းမတွင်ကျင်းပ​ကြောင်း သိရသည်။

ကျွန်းလှ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီခွဲက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး