မုံရွာမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် ၃/၂၀၂၅ သို့ တက်ရောက်မည့် သင်တန်းသားများအား စားသောက်ဖွယ်ရာမျိုးစုံနှင့် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်

မုံရွာ မတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်နှင့် မြို့နယ်ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၁ နာရီက အမှတ်(၈) ဆက်သွယ်‌ရေးအလုပ်ရုံနှင့် အမှတ်(၇) စစ်မြေပြင်ဆေးတပ်ရင်းတို့သို့ ရောက်ရှိသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် ၃/၂၀၂၅ သို့ တက်ရောက်မည့် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားပြီးနောက် ကြက်ဥများ၊ အာလူးများ၊ ‌ အသင့်စားခေါက်ဆွဲခြောက်များ၊ ကြာဆန်၊ ပဲဝါလေး၊ ဆေးပေါလိပ်၊ ကွမ်းသီးကွမ်းရက်များ စသည့်စားသောက်ဖွယ်ရာများအပြင် ခြင်းလုံး၊ ဘောလုံး စသည့်အားကစားပစ္စည်းမျိုးစုံတို့ကို လက်ဝယ်အရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)