မုံရွာ မတ် ၁၂
၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေသီးနှံ(နှမ်း)ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစု ယူရီးယား ဓါတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ် ကိုင်းမြို့၊ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံစေရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် သီးနှံစိုက်ပျိုးရာသီအလိုက် လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးသည် အခြေခံကျသည့် အဓိကလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြင့်မားလာရေးအတွက် စိုက်ပျိုးမြေဧရိယာအသုံးချမှုတိုး တက်ရေး၊ တစ်ဧကထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးနှင့် တောင်သူများဝင်ငွေတိုးတက်ရေးအတွက် ရည်မှန်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့် နွေသီးနှံ(နှမ်း)ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက စစ်ကိုင်းမြို့နယ်ရှိ ဒေသခံတောင်းသူ ၂၅၀ အား ဓါတ်မြေဩဇာ ၂၅၀ အိတ်တို့အား အသီးသီး ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံတောင်သူများအား နံနက်စာများနှင့် စားသုံးဆီများအား ဝေငှပေးခဲ့ကြပြီး အဆိုပါရုံးဝန်းအတွင်းရှိ သဘာဝမြေဆွေးစမ်းသပ်ပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ တစ်ရက်လျင် ၁ တင်းခွဲဝင်အိတ် ၅၀၀ အိတ်ကြိက်ခွဲကာ ပဲမှုန့်စိမ်း၊ ပဲကျက်မှုန့် လုပ်ငန်း ဆောင်ရွက်နေသည့် “ရတနာ” ပဲခွဲစက်နှင့် “စိန်ကြည်” ခေါက်ဆွဲစက် ရုံများသို့ရောက်ရှိရာ စက်ရုံတာဝန်ခံများမှ စက်ရုံအတွင်း မိမိတို့လုပ်ကိုင်ဆောင်ရွက်နေ သည့်လုပ်ငန်းများအား လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်ရုံများမှထွက်ရှိသည့် ကုန်ချောပစ္စည်းများ သန့်ရှင်းလတ်ဆက်မှုရှိစေရေး၊ ထုတ်ပိုးမှုပုံစံသပ်ရပ်မှုရှိစေရေး၊ ဈေးကွက် အတွင်းသင့်တင့်သည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချသွားရေးနှင့် မကြာမီ နွေရာသီရောက်လာတော့မည်ဖြစ်ပါ၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်လုပ်ငန်းများ ဆောင်ရွက်သွားရေးတို့အား မှာကြားကာ စက်ရုံများအတွင်း လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)