စစ်ကိုင်းတိုင်းဒေသကြီး

ဟုမ္မလင်းးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်၊ ရေကစားသူများစည်ကား

စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းခရိုင် ဟုမ္မလင်းးမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကာလအတွင်း မိဘပြည်သူများစိတ်အေးချမ်းသာစွာ ရေကစားနိုင်စေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက နောင်ပကျစ်ရပ်ကွက်၊ ကမ်းနားလမ်းမကြီးဘေး (မြို့နယ်ထွေ/အုပ်ရုံးနှင့် မြို့မရဲစခန်းရှေ့) တွင် ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့ လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာမဏ္ဍပ်များ တည်ဆောက်ထားရှိမှုများအား ကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာမဏ္ဍပ်များဖြစ်သည့် ချင်းတွင်းပိတောက်မဏ္ဍပ်၊ လျှပ်စစ်/ စွမ်းအင်/ လမ်းပန်းဆက်သွယ်ရေးမဏ္ဍပ်၊ ရွှေပိတောက်ပျိုပေမဏ္ဍပ်၊ ရွှေသလ္လာနှစ်သစ်မဏ္ဍပ်၊ တည်ဆောက်ပြီးစီးမှုများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။

ခန္တီးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

၂၀၂၆ ခုနှစ်၊ ဧပြီလ၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလတွင် ကျရောက်သည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်၍ (ဗဟို) သင်္ကြန်မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ကို ကမ်းနားလမ်းရှိ We Love Hkamti အနီးတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ စာပေချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်သူဦးရေတိုးပွားလာစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူအများကြားဆွေးနွေးတတ်သည့် အလေ့ အကျင့်ကောင်းများရရှိရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများ ဖလှယ်ခွင့်ရရှိရေးအတွက် စာဖတ်ဝိုင်းများကို စီစဉ်ကျင်းပလျက်ရှိရာ ယနေ့ မွန်းတည့် ၁၂ နာရီက စာရေးဆရာ သရဝဏ်(ပြည်)၊ စာရေးဆရာ ဦးဘုန်း(ဓာတု)၊ စာရေးဆရာ ညီမင်းညိုရေးသားသည့် “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီစိုက်ပျိုးသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

စစ်ကိုင်းမြို့တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်၊ စစ်ကိုင်းခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲအခမ်းအနားကို ဧပြီ ၇ ရက်နေ့နံနက် ၉ နာရီအချိန်က စစ်ကိုင်းမြို့ ပိုးတန်းအားကစားရုံတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၈ ရက်နေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းမဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကန့်ဘလူ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် မီးသတ်ဦးစီးဌာနနှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို မတ် ၆ ရက် နံနက် ၉ နာရီခွဲက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးလေးဆွေနှင့်ဝန်ထမ်းများက ဧပြီ ၆ ရက်နံနက်က အမှတ်(၂) ရပ်ကွက်၌ အသက် ၁၀ နှစ်မှ ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး