ဖောင်းပြင် ဧပြီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်သူဦးရေတိုးပွားလာစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူအများကြားဆွေးနွေးတတ်သည့် အလေ့ အကျင့်ကောင်းများရရှိရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများ ဖလှယ်ခွင့်ရရှိရေးအတွက် စာဖတ်ဝိုင်းများကို စီစဉ်ကျင်းပလျက်ရှိရာ ယနေ့ မွန်းတည့် ၁၂ နာရီက စာရေးဆရာ သရဝဏ်(ပြည်)၊ စာရေးဆရာ ဦးဘုန်း(ဓာတု)၊ စာရေးဆရာ ညီမင်းညိုရေးသားသည့် “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပြည်သူလူထုအသိပညာဗဟုသုတရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပြောကြားသည်။
ထို့နောက်စာဖတ်ဝိုင်းဆွေးနွေးပွဲအားစတင်ရာ စာပေချစ်မြတ်နိုးသူများအသင်းဝင် မစုနှင်းအေးက စာရေးဆရာ သရဝဏ်(ပြည်) ရေးသားသည့် “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေသက်ခိုင်က စာရေးဆရာ ဦးဘုန်း(ဓာတု) ရေးသားသည့် “လက်အလှပြိုင်ပွဲ” ခေါင်းစဉ်ဖြင့်လည်းကောင်းဦးဆောင်၍ အသီးသီး ဖတ်ကြားဆွေးနွေးကြပြီး စာပေဝါသနာရှင် များက စာရေးဆရာများရေးသားသည့် ခေါင်းစဉ်များအလိုက် အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)