စစ်ကိုင်း ဧပြီ ၉
၂၀၂၆ ခုနှစ်၊ စစ်ကိုင်းခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲအခမ်းအနားကို ဧပြီ ၇ ရက်နေ့နံနက် ၉ နာရီအချိန်က စစ်ကိုင်းမြို့ ပိုးတန်းအားကစားရုံတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သင်တန်းသား/ သင်တန်းသူများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားကာ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ သင်တန်းသူများအား ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ တာဝန်ရှိသူများက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားကစားနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် အားကစားသရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အခမ်းအနားအပြီးတွင် သင်တန်းသား/ သင်တန်းသူများမှ ကရာတေး၊ ရိုးရာခြင်း၊ Myanmar Fitness Dance)များဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းတွင် အားကစားနည်း(၁၁)မျိုး သင်ကြားပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)