စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့ လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာမဏ္ဍပ်များ တည်ဆောက်ထားရှိမှုများအား ကြည့်ရှု

မုံရွာ ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီးလမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာမဏ္ဍပ်များဖြစ်သည့် ချင်းတွင်းပိတောက်မဏ္ဍပ်၊ လျှပ်စစ်/ စွမ်းအင်/ လမ်းပန်းဆက်သွယ်ရေးမဏ္ဍပ်၊ ရွှေပိတောက်ပျိုပေမဏ္ဍပ်၊ ရွှေသလ္လာနှစ်သစ်မဏ္ဍပ်၊ တည်ဆောက်ပြီးစီးမှုများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မုံရွာမြို့ လမ်းလျှောက်သင်္ကြန်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ မြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး၊ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပေါ်စေရေး၊ စတုဒီသာကျွေးမွေးဧည့်ခံမှုများ လုံလောက်မှုရှိစရေး၊ ရေလုံလောက်မှုရှိစေရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိတို့ဖြင့် ဆောင်ရွက်သွားရေးတို့ အား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး(ပြန်/ဆက်)