စစ်ကိုင်းတိုင်းဒေသကြီး

မော်လိုက်မြို့၌ နွေရာသီအခြေခံပန်းချီသင်တန်းနှင့် English (Grammar & Speaking) သင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် နွေရာသီအခြေခံပန်းချီသင်တန်းနှင့် English(Grammar& Speaking) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၇ရက်နေ့ ညနေ(၃)နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့၌ ၂၀၂၅ ခုနှစ် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်း အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

လဟယ်မြို့တွင် နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ(၁၃)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်မှ ၂၂ ရက်နေ့ထိ ဖြေဆိုမည်ဖြစ်ရာ ကျွန်းလှမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့်ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပညာရေးမှူးများတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှု စစ်ဆေးခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၁၅-၃-၂၀၂၅ ရက်နေ့နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ စကားလှဓမ္မာရုံကျောင်းတိုက်သို့ ရောက်ရှိရာ မြို့နယ်သံ ဃနာယက အကျိုးတော်ဆောင်၊ အဂ္ဂမဟာကမဌာနာစရိယ ဘဒ္ဒန္တထေရဝံသ ဆရာတော်ကြီးထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရွှေဘိုခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ရွှေဘို​သွေး စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ​ရွှေဘိုအ​​သွေးစာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိးဆော်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲများလည်း ကျင်းပတော့မည်ဖြစ်ရာ ရပ်ကွက်နေပြည်သူများအနေဖြင့် မီးသုံးစွဲမှုများကို အသိ၊ သတိတို့ဖြင့် ဆောင်ရွက်နိုင်စေရန်နှင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်စေရန် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ၁၆-၃-၂၀၂၅ ရက်နေ့ညနေ ၄ နာရီခွဲက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

လဟယ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်၀င်တန်း‌စာမေးပွဲဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ ယနေ့ နံနက်(၉)နာရီအချိန်စ၍ လဟယ်မြို့ အထက်တန်းကျောင်း ထင်းရှူးမြိုင်ကျောင်း၌ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့‌ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူးဦးလင်းကိုကိုနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေခြည်ဖြိုးနှင့် အဖွဲ့၀င်များ သွာရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ VDP စီမံကိန်းဖြင့် ကျေးရွာနှစ်ရွာအား ရေသန့်စက်တပ်ဆင်ခြင်း အကောင်အထည်ဖော်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာနှစ်ရွာအား ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး