မုံရွာ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့်ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပညာရေးမှူးများတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ မတ်လ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် Grade 12 စာမေးပွဲကြီးအား ရာနှုန်းပြည့်ဖြေဆိုနိုင်ရေး တာဝန်ရှိသူအားလုံးမှ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့နယ်များအားလုံးသို့ မေးခွန်းများရောက်ရှိနေပြီဖြစ်ပြီး မေးခွန်းများလုံးခြုံမှုရှိအောင် ထိန်းသိမ်းသွားရေး၊ ဖြေဆိုပြီးအဖြေလွှာများအား စနစ်တကျပြန်လည်ထိန်း သိမ်းရေး၊ အဖြေလွှာများအား စာစစ်ဌာနများသို့ သက်မှတ်အချိန်၊ သက်မှတ်ရက်တွင် လုံခြုံမှုရှိအောင်ပို့ဆောင်ရေး၊ ဖြေဆိုမည့်ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနေ ချိန်ကာလတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားရေးတို့အား ဌာနများပူးပေါင်း ကာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ရည်မှန်းချက်အတိုင်း Grade 12 စာမေးပွဲကြီးအား အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးအသိ၊သတိတို့ ဖြင့်လုပ်ငန်းများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် Grade 12 စာမေးပွဲကြီးအောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဖြေဆိုနေချိန်ကာလအတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့ခရိုင်များအတွင်း ရှိမြို့နယ်များ၌ Grade 12 စာမေးပွဲကြီးအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း Grade 12 စာမေးပွဲကြီးအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးဖြည့်စွက်ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)