လဟယ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်၀င်တန်း‌စာမေးပွဲဖြေဆို

လဟယ် မတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ ယနေ့ နံနက်(၉)နာရီအချိန်စ၍ လဟယ်မြို့ အထက်တန်းကျောင်း ထင်းရှူးမြိုင်ကျောင်း၌ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့‌ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူးဦးလင်းကိုကိုနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေခြည်ဖြိုးနှင့် အဖွဲ့၀င်များ သွာရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လဟယ်မြို့နယ် စာစစ်ဌာနတွင် အတွင်းဖြေစာရင်းရှိ ကျောင်းသား/သူ(၁၇၈)ဦး၊ ဖြေဆို(၁၇၆)ဦး ပျက်ကွက်ကျား(၂)ဦး၊ အပြင်ဖြေစာရင်းရှိ(၆၁)ဦး၊ဖြေဆို (၆၀)ဦး၊ ပျက်ကွက်(၁)ဦးရှိပြီး စာရင်းရှိစုစုပေါင်းမှာ (၂၃၈)ဦးရှိရာ ဖြေဆိုသူ(၂၃၅)ဦး၊ ပျက်ကွက်(၃)ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)