ကလေးမြို့၌ ၂၀၂၅ ခုနှစ် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို

ကလေး မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်း အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ်လ ၁၇ ရက်နေ့နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကလေးခရိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာစစ်ဌာန ၆ ခုရှိပြီး စာရင်းရှိ (၁၆၄၁) ဦး၊ လာရောက်ဖြေဆိုသူ (၁၅၄၂) ဦး ဖြေဆိုပြီး ပျက်ကွက် (၉၉) ဦးရှိပြီး ကလေးမြို့နယ်တွင် စာစစ်ဌာန ၃ ခုရှိ စာရင်းရှိ(၁၁၇၀)ဦး၊ လာရောက်ဖြေဆိုသူ(၁၁၀၇)ဦးနှင့် ပျက်ကွက် (၆၃)ဦးရှိကြောင်း ကလေးခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)