ကျွန်းလှ မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာနှစ်ရွာအား ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ် စသာကုန်းကျေးရွာနှင့် ဘိုကုန်းကျေးရွာတို့တွင် ရေသန့်စက်တပ်ဆင်ခြင်းကို ကျေးရွာတစ်ရွာလျှင် VDP စီမံကိန်းရန်ပုံငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၂ ဒသမ ၅၅ သန်း၊ စုစုပေါင်းငွေကျပ် ၁၇ ဒသမ ၅၅ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးကြီးကြပ်ပြီး ကျေးရွာသူ ရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေသန့်စက်တပ်ဆင်ပြီးစီး၍ စသာကုန်းကျေးရွာ အိမ်ခြေ ၁၀၉ အိမ်၊ လူဦးရေ ၅၉၇ ဦးနှင့် ဘိုကုန်းကျေးရွာ အိမ်ခြေ ၁၅၀ အိမ်၊ လူဦးရေ ၉၄၂ ဦးတို့ သန့်ရှင်းသောသောက်သုံးရေ သုံးစွဲနေကြပြီဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)