ကျွန်းလှ မတ် ၁၇
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်မှ ၂၂ ရက်နေ့ထိ ဖြေဆိုမည်ဖြစ်ရာ ကျွန်းလှမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုကြောင်း သိရသည်။
“ကျွန်းလှမြို့နယ်မှာ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာစစ်ဌာနတစ်ခုဖွင့်လှစ်ထားပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းနဲ့ ပြင်ပြကဖြေဆိုရန် လျောက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူ (၂၅၄) ဦးရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ဖို့ သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့ မြန်မာစာဘာသာကို ကျောင်းသား (၉၇) ဦး၊ ကျောင်းသူ (၁၅၁) ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၂၄၈) ဦး ဝင်ရောက်ဖြေဆိုကြပါတယ်” ဟု မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်ကပြောသည်။
အဆိုပါ တက္ကသိုဘ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ