မော်လိုက်မြို့၌ နွေရာသီအခြေခံပန်းချီသင်တန်းနှင့် English (Grammar & Speaking) သင်တန်းဖွင့်ပွဲကျင်းပ

မော်လိုက် မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် နွေရာသီအခြေခံပန်းချီသင်တန်းနှင့် English(Grammar& Speaking) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၇ရက်နေ့ ညနေ(၃)နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် နွေရာသီဖွင့်လှစ်မည့်သင်တန်းများ ကြီးကြပ်မှုကော်မတီဥက္က‌‌ဋ္ဌဦးအောင်ကျော်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီးဟန်မင်းထွန်းက သင်တန်းများအတွက် ထောက်ပံ့‌‌ငွေကျပ်(၁၀)သိန်းကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော်မင်းက ထောက်ပံ့‌‌ငွေ(၅)သိန်းကိုလည်းကောင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက‌‌ ထောက်ပံ့‌‌ငွေကျပ်(၅)သိန်းကိုလည်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသား/သင်တန်းသူများအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းများကို (၁၇-၃-၂၀၂၅)ရက်နေ့မှ (၁၀-၄-၂၀၂၅)ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၇၄)ဦးတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတွင် နေ့စဉ်သင်ကြားပို့ချသွားဖြစ်ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)