လဟယ်မြို့တွင် နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

လဟယ် မတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ(၁၃)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာလဟယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရှားဆက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ရှင်းလင်းပြောကြားသည်။ ထို့နောက် လဟယ်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဟန်၀င်းအောင်မှ သင်တန်းတွင်ပို့ချမည့် သင်တန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပါသည်။

အဆိုပါသင်တန်းသို့‌ ဒေသ/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ(၂၅)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ ဆရာအဖြစ် ပတ်၀န်းကျင်ထိန်းသိန်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပီတာသိုင်ဆောင်ဟောက်က  Microsoft Work ၊ Power Point နှင့် Microsoft Excel များကို အဓိကသင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ(၁၇)ရက် မှ (၃၁)ရက်နေ့အထိ သင်တန်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)