စစ်ကိုင်းတိုင်းဒေသကြီး

ခန္တီးမြို့၌ ဝန်ထမ်းများစာဖတ်ဝိုင်း ဆွေး‌နွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဝန်ထမ်းများရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ စိတ်ကြိုက်ပန်းချီ၊ ကဗျာရွတ်၊ ပုံပြင်‌ပြောပြိုင်ပွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ပန်းချီရေးဆွဲနည်းစနစ်များတိုးတက် ကောင်းမွန် လာစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရဲသည့်စိတ်ဓာတ်များ ရရှိစေရန်နှင့် လူမှုအဖွဲ့အစည်းများနှင့်‌ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စိတ်ကြိုက်ပန်းချီ၊ ကဗျာရွတ်၊ ပုံပြင်ပြိုင်ပွဲ များကို ယမန်နေ့က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ နွေရာသီချောင်းရေတင်စိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး စပါးအပြင်သီးနှံမျိုးစုံရာသီအလိုက် စိုက်ပျိုးကြရာ ယခုနှစ် နွေရာသီ ချောင်းရေတင်စိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကသာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မော်ဒယ်ပန်းချီပုံတူ အခြေခံရေးဆွဲနည်း ပြိုင်ပွဲပြုလုပ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မော်ဒယ်ပန်းချီပုံတူ အခြေခံရေးဆွဲနည်း ဆန်းစစ်ချက်ဖြေဆိုခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံစာကြည့်တိုက် ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယ​မန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးကို မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့ထိ ဖြေဆိုခဲ့ရာ ယနေ့နံနက်ပိုင်းက ဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂ​ဗေဒ​ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ်မှ တောင်သူများ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးမှုတွင် ပဲအထွက်နှုန်းကျဆင်းပြီး ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးမှုတွင် ဆုံးရှုံးနစ်နာမှုများရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် တောင်သူအများစုသည် ဆောင်းသီးနှံ ပဲမျိုးစုံကို ရိတ်သိမ်းကြပြီးဖြစ်ရာ သီးနှံအထွက်နှုန်းကျဆင်းသည့်အပြင် ရောင်းချချိန် သီးနှံဈေးနှုန်းနည်းသဖြင့် စိုက်ပျိုးသည့် ကုန်ကျစရိတ်နှင့်မကိုက်ညီပဲ တောင်သူများ ဆုံးရှုံးနစ်နာမှုရှိခဲ့ကြောင်း ပိုးစာကုန်းကျေးရွာမှ တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

ဖောင်းပြင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်‌ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဖောင်းပြင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ(၁၂)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ယခင်နှစ်ထက်ဖြေဆိုသူများလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က ဖောင်းပြင်စာစစ်ဌာနတွင် မတ်လ ၁၇ ရက်နေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပဖြေဆိုရာ မြန်မာစာဘာသာရပ်အား  ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၉၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အေးချမ်းစွာဖြေဆိုနိုင်ခဲ့ ကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူ ၁၁ ဦးရှိသော်လည်း ယခင်နှစ်ထက် ဖြေဆိုသူအရေအတွက် များလာခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး