ပန်ဆောင်မြို့တွင် MEVM မဲပေးစက်စာတွေ့၊ လက်တွေ့ကိုင်တွယ်အသုံးပြုနည်းပညာဆိုင်ရာ အထောက်အကူပြုသင်တန်းဖွင့်လှစ်

ပန်ဆောင် အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်ပနိုင်ရေး MEVM မဲပေးစက်စာတွေ့လက်တွေ့ကိုင်တွယ်အသုံးပြုပုံ သုံးပြုနည်းပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၁၃ ရက်နံနက် ၁၀ နာရီအချိန်က ပန်ဆောင်မြို့ နယ်စပ်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပန်ဆောင်မြို့ MEVM မဲပေးစက်​ကြီးကြပ်မှုကော်မတီ နန်းယွန်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဘာမန်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာအီလက်ထရောနစ်မဲပေးစက်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစီးအရာရှိ ဦးနှစ်သစ်ကူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့အဆင့်ဌာနဆိုင်ရာဝန်ထမ်းများမှ မြန်မာအီလက်ထရောနစ်မဲပေးစက်နည်းပညာဆိုင်ရာအထောက်အကူပြုသင်တန်း နံနက်ပိုင်း၊ ညနေပိုင်းနှစ်ဖွဲ့ခွဲ၍ သင်တန်းစတင်ကာ နံနက်တွင် သင်တန်းသား၊ သင်တန်းသူ ၈၄ ဦးတို့ကို သင်တန်းနည်းပြများက သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒုတိယအုပ်ချုပ်ရေးမှူး ဦးဘာမန်နှင့်အဖွဲ့ဝင်များ၊ မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ သင်တန်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပန်ဆောင် (ပြန်ဆက်)