ကွမ်းခြံကုန်း အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ဝါးကောက်တောကျေးရွာ၊ အ-မ-က မူ/လွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေအကြောင်းအရာအားလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး၊ ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများအားလည်းကောင်း ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းဝါက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့်၊ ကျောင်းသား/ ကျောင်းသူလေးများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/ ကျောင်းသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှန်မြှင့်တင်ရေးလှုပ်ရှားမှုနံရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှု နံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်စာစောင်များ ပြသထားရာ ဆရာ/ ဆရာမမျာ၊ ကျေင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)